ဘဝမှာ... လိုချင်တာ တစ်ခါမှမရလိုက်ဘူး
မလိုအပ်တာတွေသာ တောင်လိုပုံလို့
ရောင့်ရဲဖို့ဆိုတာလည်း သူတော်စင်မှမဟုတ်တာ....
" မေ့လိုက်ပါ " ဆိုတဲ့စကားကို ပြောမယ့်အစား
ငါ့ရင်ဘတ်ကို ဓါးနဲ့သာထိုးစိုက်လိုက်ပါ.... ဟန်နီ
ငါ့အချစ်တွေ အဆုံးမရှိစီးဆင်းသွားတာ
မင်း မြင်စေရမယ်....
ငါဟာ ရူးသွပ်မိသူပါ
ငါ့အသွေးအသားမှာ အချစ်တွေသာပြည့်လို့
ဘယ်ဘက်ရင်အုံမှာ မင်းပစ်ခဲ့တဲ့မျက်စပေါ့
အခုထိစူးနေတုန်းပဲ
ဒါတောင်... မင်းက ငါ့ကိုကန်းပစ်ရက်တယ်
အေးလေ....
" ဆု " ဆိုတာ တောင်းတိုင်းမှမပြည့်တာ
ဝေးပေါ့... မင်းနဲ့ငါ
ကမ္ဘာတွေခြားတဲ့အထိ.....။ ။

No comments:
Post a Comment