ကျနော်တို့ မြန်မာအများစု အတွက်ကတော့ ကွန်ပြူတာကိုသုံးပြီဆိုရင် မြန်မာလို ဖတ်လို့ရအောင် Myanmar font ကိုထည့်ကြတယ် ဒါမှမဟုတ် စာပါရိုက်လို့ရအောင် Myanmar keyboard ကို install လုပ်လိုက်တော့ စာလည်းရိုက်လို့ရ ဖတ်လည်းဖတ်လို့ရ ဖြစ်သွားတယ် ၊ ဒါပေမယ့် အဲဒါတွေက Web ပေါ်မှာနဲ့ ကွန်ပြူတာထဲက notepad, wordpad နဲ့ Office application, Graphic design application စတဲ့ application တွေမှာသာ မြန်မာလိုရိုက်လို့ ရတာပါ ၊ Windows ရဲ့ Title bar ပေါ်မှာ ၊ Icon မှာ ၊ Menu မှာ ၊ Message box မှာ ၊ Drive label တွေမှာ ၊ File name တွေမှာ စတဲ့ ..စတဲ့ Windows 7 System က ရေးဖို့ခွင့်ပြုထားတဲ့ နေရာတွေမှာ မြန်မာလိုရေးချင်လာပြီ ဆိုရင်တော့ ၊ ( လက်ဆော့ချင်လာတဲ့အခါလို့ ပြောချင်ပြော ပိုပြီး မြန်မာဆန်လာချင်တဲ့အခါလို့ ပြောချင်လည်း ပြောလို့ရပါတယ် ) Windows ရဲ့ System font ကို မြန်မာလိုရေးလို့ရတဲ့ font နဲ့ ပြောင်းပေးဖို့လိုပါတယ် ၊ item တစ်ခုချင်းစီရဲ့ font ကိုပြောင်းပေးရင်လည်း ပြောင်းလိုက်တဲ့ သက်ဆိုင်ရာနေရာမှာ မြန်မာလို ရေးလို့ရပါပြီ ၊ ဘယ်နေရာမှာ သွားပြီး ပြောင်းရမလဲဆိုတာတော့ သိဖို့လိုတာပေါ့ ၊ အဲဒါက သိဖို့ကောင်းတဲ့ လျှို့ဝှက်ချက်ပဲ မဟုတ်ပါလား ။
ကဲလက်ဆော့ကြည့်ချင်လာပြီဆိုရင်တော့ ဒီလိုလေးလုပ်ပါ..
(၁) Desktop ပေါ်မှာ right click လုပ်ပြီး personalize ကိုရွေးပါ
(၂) personalization window ကိုရောက်သွားတဲ့အခါ window color ကိုနှိပ်ပါ
(၃) window color and appearance ကို ရောက်သွားပါပြီ advanced appearance settings ကိုကလစ်ပါ
( ဒီနေရာမှာ ကွန်ပြူတာ တစ်ခုနဲ့တစ်ခု ကွာခြားပါတယ် ၊ Graphic card မကောင်းလို့ဖြစ်စေ graphic card driver မမှန်လို့ဖြစ်စေ aero effect မရတဲ့ ကွန်ပြူတာတွေမှာ ဒီအဆင့်ကိုကျော်သွားပါတယ် )
( ဒီနေရာမှာ ကွန်ပြူတာ တစ်ခုနဲ့တစ်ခု ကွာခြားပါတယ် ၊ Graphic card မကောင်းလို့ဖြစ်စေ graphic card driver မမှန်လို့ဖြစ်စေ aero effect မရတဲ့ ကွန်ပြူတာတွေမှာ ဒီအဆင့်ကိုကျော်သွားပါတယ် )
(၄) font နဲ့ theme ရွေးတဲ့ window လေးတစ်ခုဆီကို ရောက်သွားပါပြီ item: ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ dropdown menu လေးကို ကလစ်လုပ်ပါ ၊ 3D Objects ဆိုပြီးပေါ်နေတဲ့ bar လေးမှာပါ ၊ ကလစ်လုပ်လိုက်ရင် အဲဒီအောက်ထဲမှာ item တွေ အများကြီး ရှိနေပါတယ်
(၅) Active title bar ကိုရွေးကြည့်လိုက်တဲ့အခါ အောက်မှာရှိတဲ့ font bar မှာ Segoe UI လို့ခေါ်တဲ့ font လေးတစ်ခုကို ပေါ်လာတာကို တွေ့ရပါလိမ့်မယ် font မလိုတဲ့ item တွေမှာ font bar ဟာရွေးစရာ မလိုတဲ့အတွက်ကြောင့် မှိန်နေတာ ( Grayscale ဖြစ်နေတာ) ကိုတွေ့ရပါလိမ့်မယ် ၊ သူက ပင်တိုင်သုံး System font ပါ ၊ အဲဒီ font လေးပေါ်ကမျှားလေးကို နှိပ်ကြည့်လိုက်ရင် ကျနော်တို့ စက်ထဲမှာ install လုပ်ထားတဲ့ font တွေထွက်ကျလာပါမယ် ၊ မြန်မာစာလုံးရေးလို့ရတဲ့ နှစ်သက်ရာ font တစ်ခုခုကိုရွေးလိုက်ပါ ၊ ဥပမာ ဇော်ဂျီဝမ်း ဆိုပါတော့ ၊ font size, font color, bold, italic စသည်ဖြင့် စိတ်တိုင်းကျ ကွန့်မြူးကြည့်နိုင်ပါတယ် ၊ ပြီးရင် apply ကိုနှိပ်ပြီး ပြောင်းလဲချိန်အတွက် ခေတ္တစောင့်ပေးလိုက်ပါ ၊ ဒါက item တစ်ခုကိုပဲ ပြောင်းရပါသေးတယ်

(၆) အဲဒီလိုပဲ Icon, Menu, Message Box, Selected Items, Tool tips တို့ကိုလည်း တစ်ခုချင်းရွေးပြီး အထက်ကနည်းအတိုင်းပဲ လုပ်ပါ ၊ အားလုံးပြီးသွားတဲ့အခါ ok ပေးလိုက်ပါ ၊ ဖွင့်ခဲ့တာတွေကို ပြန်ပိတ်လိုက်ပါ ။
ကဲ စမ်းကြည့်မယ်ဆိုရင် desktop navigation pane မှာ icon မှာ user account မှာ libraries မှာ drive label မှာ file name တွေမှာ စတဲ့နေရာတွေမှာ right click လုပ်ပြီး rename လုပ်ပါ ၊ ပြီးတာနဲ့ မြန်မာ ကီးဘုတ်ကို ပြောင်းပြီး စိတ်ကူးတည့်ရာ ရေးလို့ရပါပြီ ။
တကယ်လို့ Windows theme ကို Microsoft ကပေးတဲ့ theme မဟုတ်ပဲ ပြင်ပ theme တစ်ခုခုနဲ့ ပြောင်းလိုက်မယ် ဆိုရင်တော့ system font လည်းပြောင်းသွားတတ်ပါတယ် ၊ Theme တွေက wallpaper, icon, windows sound, background color, font စတာတွေ အစုံလိုက်တွဲထားတတ်တယ် မဟုတ်ပါလား ၊ မြန်မာလိုရေးလို့ရတဲ့ font ပေးထားတာကို ကြိုက်တယ်ဆိုရင် နောက်တစ်ကြိမ် ထပ်လုပ်ဖို့လိုနိုင်ပါတယ် ။
စိတ်ကူးတည့်ရာ စိတ်ခံစားမိရာတွေကို အဆင်ပြေပြေနဲ့ ဖွင့်ထုတ်ခွင့်ရနိုင်ကြပါစေဗျာ..
No comments:
Post a Comment